Google Account Security
Account လုံခြုံရေးဟာဆိုရင် လူတိုင်းအတွက် အရေးကြီးပါတယ်။
မြန်မာနိုင်ငံရဲ့ လူတော်တော်များများဟာ Gmail အကောင့်ကို Personal အတွက်သုံးသလို လုပ်ငန်းအတွက်လည်း သုံးကြပါတယ်။ Fb နဲ့ ချိတ်ထားကြတယ်။ ဘဏ်တွေနဲ့ ချိတ်ထားကြတယ်။
ဒီအတွက်ကြောင့် Gmail ရဲ့ လုံခြုံရေးဟာဆိုရင် အရေးကြီးပါတယ်။
၁။ Password တစ်ခုတည်း မသုံးပါနဲ့
Gmail အကောင့်ကို လုံခြုံစေချင်ရင် Pw သီးသန့်တစ်ခု ထားထားသင့်ပါတယ်။ မိတ်ဆွေရဲ့ Facebook အကောင့်ကို Gmail နဲ့ ချိတ်ထားရင် ပိုလို့တောင် အရေးကြီးပါတယ်။
တစ်ခါက Rocket ရဲ့ Website လာကြည့်လာသူတစ်ဦးက Gmail Password ကြီးကို Rocket Website မှာ လာသုံးတယ်ဆိုပြီး အကောင့်ပြန်ပေးဖို့ ပြောပါတယ်။
တကယ်စစ်ကြည့်လိုက်ရာမှ အကောင့် မဖွင့်ထားပါ။ Email လိပ်စာသာ ပေးခဲ့တာပါ။
တခြား ဆိုဒ်တွေမှာ Pw သွားထည့်လိုက်တာ ဖြစ်မှာပါ။ ယုံကြည်တဲ ဆိုဒ်တွေကို Pw ပေးတယ်လို့ သူ ပြောပါတယ်။
မယုံကြပါနဲ၊ Rocket ကို email လိပ်စာဘဲ ပေးလည်းရပါတယ်၊ Pw မပေးပါနဲ့၊ Pw ကို လွယ်လွယ်လေးထားလို့ရပါတယ်။ ဥပမာ – rocketonlineshopping
Rocket မှာဆိုရင် OTP နဲ့ log in ဝင်လို့ ရအောင်လည်း လုပ်ပေးထားပါတယ်။
Gmail Pw လည်းပါသွားတော့ Fb အကောင့်လည်း ပါသွားပါတယ်။ ချိတ်ထားလို့ပါ။
အရေးကြီးတဲ အကောင့်တွေကို pw တူတူမထားဖို့ လိုအပ်ပါမယ်။
ဥပမာ – gmail / facebook / bank အကောင့်များ
၂။ 2 step ခံထားပါ။
Facebook မှာ 2 step ခံသလို Google မှာလည်း 2 step ခံလို့ရပါတယ်။
https://myaccount.google.com/signinoptions/two-step-verification/enroll-welcome
၃။ လုံခြုံရေး စစ်ဆေးပါ။
https://myaccount.google.com/security
Recovery email ကို မရှိရင် မထည့်ပါနဲ့၊ ဖုန်းဆိုင်တွေက ဖွင့်ပေးတဲ အကောင့်တွေဆိုရင် သူတို့ Email တွေ ရှိနေနိုင်ပါတယ်၊ ပြန်ဖြုတ်လိုက်ပါ။ ယုံကြည်ရတဲ Email ဆိုရင်တော့ ထည့်ပါ။
Recovery Phone နေရာမှာ ကိုယ့်နာမည်နဲ့ အကောင့်ဖွင့်ထားတဲ ဖုန်းကို ထည့်ပါ၊ ဖုန်းပျောက်ရင် ဖုန်းနံပါတ် ပြန်လျောက်န်ုင်အောင် ဖြစ်ပါတယ်။
၄။ Password ထည့်တော့မယ်ဆိုရင် Domain အစကို သေချာကြည့်ပါ။
ဥပမာ
Fb ဆိုရင် www.facebook နဲ့ စပါမယ်
Gmail ဆိုရင် www.myaccount.google နဲ့ စပါမယ်။
Rocket ဆိုရင် www.rocket နဲ့ စပါမယ်
ဘဏ်တွေဆိုလည်း www.ဘဏ်နာမည် နဲ့ စပါမယ်။
အားလုံး အဆင်ပြေကြပါစေ၊
Hacker တွေလက်က လွတ်ကင်းပါစေ။
Leave a Reply
ဘာဝယ်ချင်လည်း?