လက်ဆောင်ဘူးလှလှ
လက်ဆောင်ဘူးလှလှ ဆလင်ဒါပုံ၊ လေးထောင့်ပုလင်းပုံ ပလက်စတစ် ဘူးလှလှလေးတွေနဲ့ထည့်ထားတဲ့ အာလူးကြော်ဘူးတွေ ဝယ်စားပြီးလို့ အာလူးကြော်တွေ ကုန်သွားရင် ဘူးကို လွင့်မပစ်နဲ့နော်။ရေဆေးပြီး သိမ်းထားပါ။ ပြီးရင် လက်ဆောင်ဘူး အဖြစ်သုံးပါ။ ကွတ်ကီးမုန့်၊သကြားလုံးနဲ့ တီရှပ်ကိုတောင်ထည့်ပြီး ပေးလို့ ရပါတယ်။ ပစ္စည်းထည့်ပြီးတဲ့အခါ ပက်ကင်ပေပါ လှလှလေးနဲ့ထုပ်ပြီး လက်ဆောင်ပေးလို့ရပြီပေါ့။ Credit- တူဒေးအယ်ဒီတာအဖွဲ့ —